မော်လမြိုင်မြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်

မော်လမြိုင် ဇူလိုင် ၂၅

အားကစားနှင့် လူငယ်ရေးရာ၀န်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မော်လမြိုင်မြို့ အမှတ် (၄)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ယနေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က လူငယ်နဲ့ရည်မှန်းချက် လူငယ်နဲ့ စာရိတ္တ လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး လူငယ်နဲ့ ကျန်းမာရေး လူငယ်နဲ့ကြီးပွားရေး စသည့် အကြောင်းအရာများကိုလည်းကောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဒေါ်အေးစုဟန်က လူငယ်နှင့် ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း  အလယ်တန်းအဆင့် ကျောင်းသား/ သူများအား အသိပညာပေး ဟောပြောခဲ့ကြသည်။

ထိုနောက် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)အတွက် အားကစားပစ္စည်းများ ပေးအပ်ရာ ဆရာမတစ်ဦးက  လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ခရိုင်၊ ပြန်/ဆက်)