ရွှေဘိုခရိုင် (၂၃)ကြိမ်​မြောက် မြန်မာ့ရိုးရာယဉ်​ကျေးမှု အဆို၊ အက၊ အ​ရေး၊ အတီး ပြိုင်ပွဲ ကျင်းပနိုင်ရေး အစည်းအ​ဝေး ကျင်းပ

ရွှေဘို ဇူလိုင်၂၅

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယနေ့ နံနက်(၁၀) နာရီအချိန်က ​အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်း​ဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ရွှေဘိုခရိုင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီး​ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ ​ရွှေဘိုခရိုင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ​ရေးလုပ်ငန်း​ကော်မတီဥကဋ္ဌခရိုင် လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြား​ရေးမှူးဦး​အောင်မြင့်က ခရိုင်အတွင်းရှိ စာပေဂီတဝါသနာရှင်များ အနေဖြင့် ပြိုင်ပွဲအလိုက် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် စီမံဆောင်ရွက် ထားရှိမှုများ၊ ပြိုင်ပွဲဝင်များအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် စာပေ၊ ဂီတဝါသနာရှင်များ၊ လုံခြုံစိတ်ချစွာ တည်းခို​နေထိုင်နိုင်​ရေး၊ ဆုချီးမြှင့်နိုင်​ရေး၊ ပြိုင်ပွဲ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များက ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ​ဖြည့်စွက်ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)