ကျောက်ကြီးမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းနှင့် အသက်(၁၂)အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

ကျောက်ကြီး ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက် အထကခွဲကျောင်း၌ ယနေ့နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက်(၅) နှစ်မှ(၁၂)နှစ်အတွင်းနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား အထကခွဲ ပဲခူးရပ်ကျောင်းတွင် စုရပ်ထားရှိပြီး အသက်(၅)နှစ်မှ (၁၂)နှစ် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၂)အထက် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ရာ ယနေ့တွင် အလယ်တန်းနှင့် မူလတန်းအဆင့်ရှိ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသားကျောင်းသူများ၊ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၄၀၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ကျန်ရှိကျောင်းသား၊ ကျောင်းသူများအား နောက်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန က သိရသည်။

မြို့နယ်(ပြန်/ဆက်)