ဖြူး ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်များ ကာကွယ်တားဆီးနိုင်စေရေး နှာခေါင်းစည်း (Mask) များ ဆက်လက် တပ်ဆင်သွားလာစေရေးအတွက် ရည်ရွယ်ကာ ယနေ့ နံနက် (၇) နာရီခွဲအချိန်က စတင်၍ လူနေစည်ကားရာနေရာများ၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချု်ပရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက လမ်းသွားလမ်းလာသူများ၊ ဆိုင်ကယ်နှင့် မော်တော်ကားများတွင် လိုက်ပါလာသူများအား နှာခေါင်းစည်း (Mask) များ ဝေငှပေးပြီး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)