သရက် ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ကိုင် ဆောင်ရွက်နေသည့် ဌာနများအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြရာတွင် သက်ဆိုင်ရာ စာရင်းဇယားများကို မှန်ကန်ပြည်စုံစွာ တင်ပြရန်၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) အား Software Program ထည့်သွင်းခြင်းလုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာ(မိုး/ဆောင်း) ဆီထွက်သီးနှံအား သတ်မှတ်လျာထား ဧကများတွင် ပြည့်မီ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်နှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ တင်ပြဆွေးနွေးရာ ကိုဗစ်-၁၉ ဆေးထိုးနှံပေးမှု အခြေအနေ၊ ကျန်းမာရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် မြို့နယ်လဝကမှ ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) များအား Software Program ထည့်သွင်းနေမှု အခြေအနေများနှင့် ရုံးလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)