နတ်မောက်မြို့နယ်အတွင်းရှိတောင်သူများ မိုးနှမ်းများစတင်ရိတ်သိမ်း

နတ်မောက် ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မေလ (၁၀) ရက်နေ့က မိုးစတင်ရွာသွန်းခဲ့၍ တောင်သူများအနေဖြင့် မိုးနှမ်းများ စတင်စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် မိုးနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ် မိုးရွာသွန်းမှုက ဇွန်မှာ စတင်ရွာသွန်းခဲ့ပါတယ်၊ ခုနှစ်တော့ မေလဆန်းကတည်းက မိုးရွာသွန်းခဲ့တော့  ယခုနှစ် တောင်သူတွေ မေ(၁၅)မှ (၂၀)ဝန်းကျင်မှာ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ တောင်သူအများ စုစိုက်ပျိုးထားကြတာကတော့ စမုံနက်(ခေါ်)နှမ်းနက်၊ နှမ်းအဖြူများဖြစ်သည့် ခြုံကျော်၊ ရင်မနိုင်၊ ဇုန်တက်မျိုးများနှင့် နှမ်းအနီမျိုးများဖြစ်တဲ့ ခွေးလေနီ၊ ရက်ပေါင်း(၆၀) နှမ်းမျိုးများကို စိုက်ပျိုးကြပါတယ်၊ ခုစတင်ရိတ်သိမ်းနေတာက ရက်ပေါင်း(၆၀)မျိုးပါ။ အထွက်နှုန်းကတော့ မိုးဦးမိုးမှာ မေလကုန် အထိသာ ရွာသွန်းပြီး ဇွန်လနဲ့ ဇူလိုင်လမှာတော့ မိုးရွာသွန်းမှု နည်းပါးပါတယ်၊ ဒါကြောင့် မိုးနှမ်းအထွက်ကတော့ ခန့်မှန်းသလောက် ရမယ်မထင်ပါဘူး၊ ဒါပေမယ့် နှမ်းဈေးကောင်းတယ် ကြားရတော့ ဝမ်းသာမိပါတယ်”  ဟုကြူအိုင်ကျေးရွာမှ ကိုထက်ထက်အောင်က ပြောသည်။

မူမူစန်း