စစ်ကိုင်း ဇူလိုင် ၂၅
စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တုရင်ပြိုင်ပွဲတွင် စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးက အဖွင့်အမှာ စကားပြောကြားရာ ကျောင်းသား/ ကျောင်းသူများအား ၂၀၂၂-၂၀၂၃ ပညာသင်နစ်တွင် ကျောင်းစာအပြင် ဘက်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း၊ အားကစား ကစားခြင်းဟာ ကာယ၊ ဉာဏ၊ စာရိတ္တစွမ်းရည်များ မြင့်မားတိုးတက်လာသလို မိမိတို့ တစ်ကိုယ်ရည် ကျန်းမာရေးအတွက်လည်း အထောက်အကူပြု ပေးသွားမှာဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့ရဲ့ မျှော်မှန်းချက်/ရည်ရွယ်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြမှာဖြစ်ကြောင်း၊ ယခုစစ်တုရင်ပြိုင်ပွဲမှာလည်း ဉာဏ်ရည် ယှဉ်ပြိုင်ကစားရတာဖြစ်တဲ့အတွက် ဉာဏစွမ်းအားများ မြင့်တက်ကာ အချင်ချင်း စည်လုံးညွညွတ်မှုရရှိ၍ ချစ်ခင်ရင်းနှီးမှု ပိုမိုများပြားလာမှာဖြစ်ကြောင်း၊ မည်သည့် အားကစားမဆို အားကစား စိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားကြပါလို အထူးမှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားကာ အရုပ်ရွေ့၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါပြိုင်ပွဲကို ယနေ့မှ (၂၇)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး ဆုရရှိသူများကိုလည်း ထိုက်တန်စွာ ဆုများ ချီးမြှင့်ပေးသွားမှာဖြစ်ကာ ပြိုင်ပွဲသို့ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ပါမောက္ခ(ဌာနမှူးများ)၊ သင်ကြားရေးဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက် ရောက်ခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်