မြောင်းမြ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ကစ၍ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ် နှစ်ပွဲကို မြောင်းမြမြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲပထမပွဲစဉ်၌ အ.လ.က(၁)မှ အ.ထ.က(၅)အား နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်တွင် အ.ထ.က(၃)နှင့် အ.ထ.က(သိလ္လာ)တို့က ဆက်လက်ယှဉ်ပြိုင်ကစားရာ အ.ထ.က (သိလ္လာက) နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဒုတိယအကြို ဗိုလ်လုပွဲစဉ် (Quarter Final)ကို (၂၆-၇-၂၀၂၂)မှ (၂၉-၇-၂၀၂၂)ရက်နေ့အထိ တစ်နေ့ပွဲစဉ် တစ်ပွဲဖြင့်လည်းကောင်း ကျင်းပမည်ဖြစ်ပြီး၊ အကြိုဗိုလ်လုပွဲ (Semi Final)ကို (၃၁-၇-၂၀၂၂)နှင့် (၁-၈-၂၀၂၂)ရက် နေ့တို့တွင်လည်းကောင်း၊ ဗိုလ်လုပွဲစဉ် (Final)ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို သြဂုတ်လ ၄ ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)