ကျိုက်မရော ဇူလိုင် ၂၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကလိုင်းကနိုင်ကျေးရွာ၌ သခွားသီးစီးပွားဖြစ် စိုက်ပျိုးသူများအနေဖြင့် ယခုနှစ် မိုးရာသီတွင် ရာသီ ဥတုကောင်းမွန်ကာ မိုးလည်းနည်းသဖြင့် သခွါးသီးအထွက်နှူန်းများ ယခင်နှစ်ကထက် အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရရှိသဖြင့် မိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။
သခွါးသီးကို စီးပွားဖြစ် စိုက်ပျိုးရာတွင် မိုးရာသီအစ နယုန်လတွင် သခွားစေ့များကို မြေကြီးတွင် ဘောင်ထောင်ပြီး အစေ့ချ စိုက်ပျိုးရပြီး ရက်ပေါင်း ၂၀ခန့်တွင် တိုင်ထောင်ပေးရပြီး နောက်ထပ်ရက်ပေါင်း ၃၀ခန့်ကြာလျှင် သခွားသီးများ အပြိုင်အဆိုင် စသီးလာပြီးဖြစ်ကြောင်း ၊ သခွားပွင့်လေးများ ပွင့်ချိန်ဆိုလှျင် အပွင့်အားတိုးဆေး ဖြန်းပေးရကြောင်း၊ အသီးများသီးချိန် တွင် ပျားပိုးကောင်လေးများ ကျတတ် သဖြင့် ပျားပိုးမထိုးရအောင် ပိုးသတ်ဆေးဖြန်းပေးရကြောင်းကိုလည်း သိရသည်။ သခွားသီးကို တစ်ရက်ခြား တစ်ကြိမ်ခူးပေးရပြီး တစ်ခါခူးလျှင်ပိသာချိန် ၃၀၀ခန့်ရရှိ ပြီး ယခုကာလတွင် စျေးကောင်းရချိန် ဖြစ်၍ တပိသာကို၈၀၀ကျပ်ရရှိပြီး တစ်ရက်ခြား ဝင်ငွေနှစ်သိန်းကျော်ပုံမှန်ရ. သဖြင့် မိသားစုအပိုဝင်ငွေ ရရှိကာ စိုက်ပျိုးစရိတ်လည်း ကာမိသဖြင့် နှစ်စဉ် သခွားသီးကို စီးပွားဖြစ် စိုက်ပျိုးဖြစ်ကြောင်း တောင်သဦးကျောဦး၏ ပြောပြချက်အရ သိရှိ ရသည်။ သခွားသီးသည် ထမင်းဝိုင်း၌ တို့စရာအဖြစ် လူတိုင်းကြိုက်နှစ်သက်ကြသဖြင့် စျေးကွက်အတွင်း ရောင်းချ ရလည်း လွယ်ကူသော သီးနှံဖြစ်၍ စီးပွားဖြစ် စိုက်ပျိုးလာသူ တိုးပွားလာ ကြောင်းလည်း သိရှိရသည်။
ချိုမြတ်မြတ်ထွေး( ကျိုက်မရော)