မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၁၈)နှစ် အောက် အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် ဇူလိုင် ၂၄

မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီး မြှင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်​နေ့တွင် မော်လမြိုင်မြို့၊ ပြည်နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ စစ်တုရင်ပြိုင်ပွဲ ဆုချီးပွဲတွင် မွန်ပြည်နယ် (၁၀) မြို့နယ်မှ တစ်ဦးချင်းစီနှင့် အသင်းအလိုက်ပြိုင်ပွဲတွင် အမျိုးသား/သမီး တစ်ဦးချင်းစီ တတိယဆုရ အားကစား သမားအား ပြည်နယ်ဝန်ကြီးများကလည်းကောင်း၊ ဒုတိယဆုရသည့် ပြိုင်ပွဲဝင်အသင်းအား ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးကလည်း‌ကောင်း၊ ပထမဆုရရှိသူ ပြိုင်ပွဲဝင်အသင်းအား ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းကလည်းကောင်း ဆုတံဆိပ်များနှင့် ​ငွေသားဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စု​ပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ (၁၀) မြို့နယ် အသက် (၁၈) နှစ်​အောက် အမျိုးသား၊  အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်​နေ့မှ ၂၂ ရက်​နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်ဓါတ်​ရေးရာမြင့်မား​စေ​ရေး ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်​ပေးခြင်းအပြင် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန် လိုအပ်သည်များကို အဖက်ဖက်မှ ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်