ဂွ ဇူလိုင် ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ညနေ (၃) နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၊ ဂွမြို့ ပညာရတနာခန်းမ၌ လူငယ်ရေးရာနှင့်အားကစား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဂွမြို့မှ ကျောင်းအုပ်ဆရာကြီးကိုယ်စား ဆရာဦးစိုးစိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်ရေးရာအသိပညာပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကျော်မင်းလွင်က လူငယ်ရေးရာခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထိုနောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကျော်မင်းလွင်က အားကစားပစ္စည်းများထောက်ပံ့ပေး အပ်ရာအမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးကိုယ်စား ဦးစိုးစိုးက လက်ခံရယူခဲ့ကြောင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများအား Physical Fitness Dance ဖြင့် လက်တွေ့သရုပ်ပြပြီး တိုက်ကွမ်ဒိုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် (၁၀) ရက်ကြာ သင်ကြားမည့် တိုက်ကွမ်ဒိုသင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်