ချောင်းဆုံ ဇူလိုင် ၂၃
ကျောင်းသား/သူများပြည်သူများ စားသုံးနေသည့် အစားအစာများ ဘေးဥပါဒ်ကင်းရှင်းစေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှု အပေါ်အခွင့်အရေးရရှိစေရန်အတွက် ရည်ရွယ်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲပိုင်းက ချောင်းဆုံမြို့နယ် ကညှော်(အ.ထ.က)ကျောင်း ပညာရတနာခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က ဦးစီးဌာနမျှော်မှန်းချက် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ စားသုံးသူများအနေနှင့်ကုန်စည်ဝန်ဆောင်မှုစနစ်အပေါ် နစ်နာဆုံးရှုံး လျှင်တိုင်ကြားနိုင်သည့် နည်းလမ်းတောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်းအရာများအား ဟောပြောပြီး ဆရာ/ဆရာမနှင့်ကျောင်းသား/သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)