တောင်ကုတ်တက္ကသိုလ်ဝန်းကျင် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်

တောင်ကုတ် ဇူလိုင် ၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ စုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီအချိန်တွင် တောင်ကုတ် တက္ကသိုလ်ဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက စုပေါင်း၍ တက္ကသိုလ်ဝင်းအတွင်းရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းများကို ဆောင်ရွက်ခဲ့ကြ သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များ က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)