ညောင်တုန်း ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး Talk Showကို ယမန်နေ့ မွန်းလွဲ ၃နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်တင်တင်လှိုင်၊ ဒုတိယဦးစီးမှူး ဒေါ်အမာရှိန်နှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်တို့က Talk Show ကျင်းပရခြင်းရည်ရွယ်ချက်၊ စားသုံးသူ များအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသုံးစွဲရာတွင် လိုက်နာရမည့်အချက်များ၊ မိုဘိုင်း သို့မဟုတ် အွန်လိုင်းငွေကြေးဝန်ဆောင်မှုများ အသုံးပြုရာတွင် စာသုံးသူများအနေဖြင့် သတိပြုလိုက်နာရမည့်အချက်များ၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင် မှုများ ဝယ်ယူသုံးစွဲရာတွင်လည်းကောင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင် များအနေဖြင့်လည်းကောင်း နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် စားသုံးသူရေးရာအသိပညာပေး အကြောင်းများကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Pageတွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)