သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

သဲကုန်း ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို လူစည်ကားရာ နေရာများတွင်  ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၏ စီစဉ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ အိုမီခရွန် မျိုးရိုးဗီဇပြောင်း ရောဂါပိုး ဘီအေ-၄နှင့် ဘီအေ-၅ တွေ့ရှိမှုများနှင့်ပတ်သတ်၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်၊ လက်ကိုစင်ကြယ်စွာ ဆေးကြောရန်၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်တို့ကို အသိပညာပေးခဲ့ပြီး Mask Campaign ဆောင်ရွက်မှုအဖြစ် (Mask) နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အတွက် လူစည် ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

မြို့နယ် (ပြန်/ဆက်)