ကံမ ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်လုပ်ငန်းအဖြစ် ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းမှ ကုန်စုံဆိုင်များ၊ မြို့နယ်အတွင်းဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ထားသည့် ကော်ဖီ(3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို တရားမဝင် တင်သွင်းရောင်းချလျက် ရှိ မရှိနှင့် Mistine အလှကုန်ပစ္စည်းများတွင် FDA ခွင့်ပြုချက်၊ Hologram(ရောင်ပြန်)Stricker နှင့် မြန်မာစာ Labelling များ မပါရှိဘဲ ကုန်ပစ္စည်းဆင်တူယိုးမှား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေမှုများ ရှိ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)