ချောင်းဆုံ ဇူလိုင် ၂၂
ကလေးသူငယ် အခွင့်အရေးများ ကိုယ်တိုင်သိရှိနားလည်ရေး မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို အများပြည်သူများ ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ကြီးမှူးပြီး ချောင်းဆုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပညာရေးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်က ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာ (အ.ထ.က) ကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးသန်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်လူမှု ဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည် ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများအား လည်းကောင်း၊ ချောင်းဆုံမြို့နယ် (ဘေး/စီမံ) ဌာနမှ ဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်းက ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပြီး ကျောင်းသား/သူ(၁၀၀)ဦးအား အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး အမေး/အဖြေမေးခွန်းများ မေးမြန်းပြီး လက်ဆောင်ပစ္စည်းများနှင့် အဟာရမုန့်များ ပေးအပ်ခဲ့ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)