မုဒုံမြို့၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မုဒုံ ဇူလိုင် ၂၂

စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကိုကျင်းပသည်။

ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံ ဦးစိုးဝင်းက ဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရေး၊ ရည်ရွယ်ချက် ()ရပ်ဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေး ဆောင်ရွက်ရန်၊ ထုတ်ကုန် များ လုံခြုံစိတ်ချရမှု ရှိစေရေး ဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှု၊ သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပြည်တွင်း ကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အကြောင်းများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ပုဒ်မ ၄၁ အရ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ရန် လိုအပ်ကြောင်း၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏထားသို သိမ်းဆည်းမှုအညွှန်း သုံးစွဲပုံနည်းလမ်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားကြောင့် စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင်တို့ရရှိသည့် အကျိုးကျေးဇူးများ၊ ကုန်အညွှန်းအမှတ်အသားကို ဆောင်ရွက်လိုလျှင် ဆောင်ရွက်မည့်နေရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ