ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ငွေများထောက်ပံ့ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပန်းတိမ်တောင် ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၅၁)စုအတွက် ထောက်ပံ့ငွေများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းတို့က ပြည်သူများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်လျက် ရှိကြောင်းသိရသည်။
Nov 13,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ၂ဝ၂ဝပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို အထက(ရပ်စောက်)ဘက်စုံသုံးခန်းမတွင် နိုဝင်ဘာ ၁၃ ရက် နံနက်(၁၀)နာရီအချိန် က ကျင်းပခဲ့ကြောင်းသိရသည်။
Nov 12,2020
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ  ဝန်ထမ်းများသည် မြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရန်နှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာများအတွက် အသိပညာပေး နိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 12,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့   သံလွင်မြစ်ကမ်း စွပ်ပိုင်အနီးတွင် တာဆန်းလဲ ရှေးဟောင်းစေတီ ကပ်ကျော်လဘ်ခေါ်စေတီအား ပြန်လည် ပြုပြင်မွမ်းမံရန်အတွက် ယနေ့ နံနက်ပိုင်းက  ဒေသခံ ပြည်သူများ စုပေါင်း၍  သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 12,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်တွင် မြို့နယ်တွင်ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သော မြို့နယ်အဆင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီက ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များ စဉ်ဆက်မပြတ်စေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
Nov 12,2020
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေး ဖလမ်းခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 12,2020
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပေးအပ်သည်။