ဝေးလံခေါင်ဖျားဒေသသတင်းများ

Jan 21,2021
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့၌ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMO) ကော်မတီမှ ရှာဖွေထားသော ဝိတိုရိယ(ခေါနူးစုမ်)တောင် ၁၀ မိုင် ၁ ဖာလုံမှ တောင်ထိပ်အထိ ၄ မိုင် ၂ ဖာလုံခန့်ရှိသော Trekking လမ်းကြောင်းသစ် လုပ်ငန်းစတင် အကောင်အထည်ဖော်နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ ဖွဲ့စည်းပြီး ယမန်နေ့က ကန်ပက်လက်မြို့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်း အကောင်အထည်ဖော်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
Jan 21,2021
မင်းတပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများ နှင့်အညီ အသစ်ပြန်လည် ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ်များ ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
Jan 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပတ်သက်၍ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊နည်းဥပဒေ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများကို ရပ်ကွက်နေ ပြည်သူများအား
Jan 21,2021
မတူပီခရိုင်၊ မတူပီမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ (ဒုတိယအကြိမ်ပြင်ဆင်သည့်) နည်းဥပဒေ အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဘုံတလာခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 20,2021
ချင်းပြည်နယ် မင်းတပ်မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် ၂၀၂၁-၂၀၂၂ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
Jan 20,2021
ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးအသစ် ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ (ဒုတိယအကြိမ် ပြင်ဆင်သည့်) နည်းဉပဒေ အသိပညာပေး ရှင်းလင်းပွဲကို ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၊ မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ကြသည်။
Jan 20,2021
မင်းတပ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့မစျေးရှိ စျေးရောင်း/စျေးဝယ် ပြည်သူများအား "နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ" ကိုဗစ်-၁၉ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် Maskများ အခမဲ့ဖြန့်ဝေခြင်း ကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Jan 20,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ပုန်ခုန်းရပ်ကွက် မိခင်နှင့်ကလေး ကျန်းမာရေး ဌာန၌ ယမန်နေ့ နံနက် ၈ နာရီတွင် ကျန်းမာ‌‌ရေးနှင့် အားကစား ၀န်ကြီးဌာနမှ ချမှတ်ပေးထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။