Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
လေးမျက်နှာမြို့၌ စွမ်းအားမြှင့် မီးဖိုများကို ကျေးလက်နေပြည်သူများ လက်ဝယ်အရောက် (အခမဲ့)ဖြန့်ဝေ
Feb 26,2020
ဧရာဝတီတိုင်းသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာတွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုရီယားရာသီဥတု ပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်း ဆောင်ရွက်သော စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်း အကောင်အထည်ဖော်မည့်သူများအတွက် မီးဖိုပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေး
Feb 26,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစု ဝင်ငွေ တိုးပွားစေရန်နှင့် လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ တတိယနှစ်စက်ဝန်း မြစိမ်းရောင် ကျေးရွာ စီမံကိန်း ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မော်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာအုပ်စု၊ ကူကြီးကျေးရွာနှင့် ကြီးကုန်းကျေးရွာများသို့ သွားရောက်ပြီး မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့တွင် ဈေးကွက်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေလျှောက်ထားနိုင်ကြောင်း မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
Feb 26,2020
အမေရိကန်နိုင်ငံတကာစီးပွားရေးအေဂျင်စီ (USAID) စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ကုန်ထုတ်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေလျှောက်ထားနိုင်မှု အကြောင်း မိတ်ဆက်ခြင်းအခမ်းအနားကို မန္တလေးမြို့ရှိ Hilton Hotel တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်း ဒီဂရီကောလိပ်မှ နွေဦးကဗျာလမ်းသို့ လာရောက်လည်ပတ်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိ
Feb 26,2020
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းဒီဂရီကောလိပ်၌ YNDC Envoirnmental Club မှ ဦးဆောင်ပြုလုပ်သည့် "နွေဦးကဗျာလမ်း" တွင် ထင်ရှားသော ကဗျာဆရာများ၏ ကဗျာများနှင့် ရေနံချောင်းဒီဂရီကောလိပ်မှ ကဗျာဝါသနာရှင် ကျောင်းသားကျောင်းသူများ၏ ကဗျာများကို လမ်းတစ်လျှောက်ရှိ သစ်ပင်များတွင် ချိတ်ဆွဲထားခြင်း ၊ ရောင်စုံထီးလှလှလေးများဖြင့် အလှဆင်ခြင်းများ ဆောင်ရွက်ထားကြောင်း တွေ့ရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးအပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကော့သောင်း နယ်စပ် ဂိတ်မှ ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ကူးစက်ရောဂါ စစ်ဆေးပြီး ပြန်လည်လက်ခံ
Feb 26,2020
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၅၄ ဦး ၊ အမျိုးသမီး ၉ ဦး စုစုပေါင်း အလုပ်သမား ၆၃ ဦးကို ယမန်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ထိုင်းလူဝင် မှုကြီးကြပ်ရေး ဌာနတာဝန်ရှိသူများက ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကော့သောင်းမြို့နယ် ကျန်းမာရေးဌာနနှင့် တာဝန်ရှိအဖွဲ့အစည်းများက ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် တိုင်းတာစစ်ဆေးပြီး ပြန်လည် လက်ခံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ဆလုံလူမျိုးများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Feb 26,2020
ကော့သောင်းမြို့နယ်အတွင်းရှိ ပင်လယ်ကျွန်းများတွင် နေထိုင်ကြသည့် ဆလုံလူမျိုးများအား ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဟံသာဝတီခန်းမ၌ ကော့သောင်းမြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကနဦး ရှေ့ပြေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူတက္ကသိုလ်၌ ပြည်သူ့နီတိဆိုင်ရာ စာပေဟောပြောပွဲပြုလုပ်
Feb 26,2020
ပခုက္ကူတက္ကသိုလ် ဆရာ/ဆရာမများသမဂ္ဂနှင့် ပခုက္ကူမြို့၊ ပျိုးခင်းသာပရဟိတအဖွဲ့တို့ ပူးပေါင်းကျင်းပသော ပြည်သူ့နီတိဆိုင်ရာ စာပေဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁နာရီအချိန်က ပခုက္ကူတက္ကသိုလ်၊ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြော
Feb 25,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
350
Page
351
Page
352
Page
353
Current page
354
Page
355
Page
356
Page
357
Page
358
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department