ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၅၀ ကျော်ဖြင့် တစ်ထပ်ကျောင်းဆောင်သစ်များကို ဆောက်လုပ်မည်ဖြစ်ရာ ‌ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် က မြို့နယ်ပညာရေးမှူး ပညာရေးမှူး ဦးဝင်းရွှေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြင့်ထွန်းတို့သည် ပြည်ကမ္ဘာကျော်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ရွာသာ (ညို့တုံ) ကျေးရွာအုပ်စု၊ ရွာထင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်း ကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်၊ သွပ်မိုးတစ်ထပ် အမျိုးအစား ကျောင်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာရွေးချယ် တိုင်းတာခြင်း လုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 28,2020
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု၊ ပျဉ်း၀ကျေးရွာ ကျေးလက်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ကျေးရွာအဆင့် သုံးသပ်ဆွေးနွေးခြင်းနှင့် မြစိမ်းရောင် စီမံကိန်းချေးငွေကျပ် (၄၆၆) သိန်းအား ပဉ္စမအကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 28,2020
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက် အကွက်(၅၄၉)ရှိ ဝါဂွမ်းစက်ရုံတွင် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၈ နာရီ ၈ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Feb 27,2020
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) CommunityCentre သို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ စွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၀) သင်တန်းသား (၃၅)ဦး သည်ကြီးကြပ်သူများ လိုက်ပါ၍ ယနေ့၊ နေ့လယ် ( ၃ )နာရီက အဆိုပါ လူထုအခြေပြုဗဟိုဌာနသို့ ရောက်ရှိလေ့လာကြသည်။
Feb 27,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP Phase-1) ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော ဥဒိန်ကျေးရွာအုပ်စု ဆင်ကုန်းကျေးရွာတွင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့သည်။
Feb 27,2020
ကျွန်းလှမြို့နယ်တွင် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့ဥပဒေ၊ နည်းဥပဒေများ လိုက်နာကျင့်သုံးရေး နည်းပညာပေး သင်တန်းဖွင့်
Feb 27,2020
တောင်ငူမြို့နယ်၊ (၁၉) ရပ်ကွက် ၊ ရန်ကုန် - မန္တလေး ကားလမ်းဘေးရှိ ဆည်းဆာပရိဘောဂဆိုင်၌ ယနေ့ နံနက် ၂ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Feb 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်က ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။