ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေး စေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်း နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီတွင် မြို့မစျေးသစ်အတွင်း ဆောင်ရွက်ခဲ့ကြသည်။
Mar 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံတိုးချဲ့ (၂) ထပ်ဆောင် အဆောက်အဦးဆောက်လုပ်ခြင်း ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် ကုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ အ‌​နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းသောအဖွဲ့သည် ယမန်နေ့နံနက် ၁၀နာရီက​မြို့နယ်အတွင်းရှိ ဆေးမျိုးစုံဆိုင်များတွင် FDA မှ တားမြစ်ထား‌သော ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 20,2020
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားနေသည့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးကြီး၌ ယနေ့နံနက် (၈) နာရီက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Mar 20,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် လျှပ်စစ်ဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ် လျှပ်စစ်ရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
Mar 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် မြောင်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကြီးမှူး၍ မတ်လ(၂၁)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် သစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြောင်မြို့နယ် ဆင်ဂေါင်း တောင်ပေါ်ရှိ စိုက်ကွင်းအမှတ် ၂/၂၀၂ဝ တစ်အုပ်တစ်မ(၂၀၀၀)ပင်စိုက်ခင်းတွင် ရေလောင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
Mar 20,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါကာကွယ်ရေးအတွက် ခရိုင်၊ မြို့နယ်တရားရုံးများနှင့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတို့တွင် ဝန်ထမ်းများနှင့် အများပြည်သူတို့ အတွက် လက်ဆေးကန်များ ထားပေးလျက်ရှိကြောင်း သိရသည်။
Mar 20,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် အခြားမှုခင်းများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ အထူး ကြပ်မတ် စစ်ဆေးခြင်းကို မြို့နယ်အတွင်း အဓိကကျသော နေရာများတွင် ညစဉ် ဆောင်ရွက်လျက်ရှိရာ