နေပြည်တော်ရှိ မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် မသန်စွမ်းသူများအတွက် Barrier Free များ တည်ဆောက်ပြီးစီး
မသန်စွမ်းသူများ၏ အခွင့်အရေးကို အလေးထားသည့်အနေဖြင့် နေပြည်တော်ရှိ မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့ တွင် မသန်စွမ်းသူများအတွက် Barrier Free များကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှစတင်ပြီး တည်ဆောက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်တွင် အပြီးသတ် တည်ဆောက်ပြီးစီးပြီ ဖြစ်ပါသည်။