ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ (၂၀၁၆-၂၀၂၀) လေးနှစ်တာကာလ အတွင်း ပြုပြင်ပြောင်းလဲ တိုးတက်ရေးဆောင်ရွက်ချက်များ
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ ရည်ရွယ်ချက်များမှာ ပြည်သူတို့၏ စာပေအသိပညာ ဗဟုသုတများကို တိုးပွားစေရန်၊ လူထုမီဒီယာမှတစ်ဆင့် စာပေဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရန်နှင့် အစိုးရအဖွဲ့အစည်းများ၏ ပုံနှိပ်လုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး စီမံချက်များချမှတ်နိုင်ရန်ဖြစ်သည်။
