ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက စာဖတ်ရှိန်တိုးတက်လာစေရေး နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
စာဖတ်ရှိန်တိုးတက်လာစေရေးရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်းမိသားစု များကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့ သည်။