ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က  အမှတ်(၂)ရပ်ကွက်သို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တောင်သာမြို့ အနောက်ရပ်အခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲ ကျင်းပ

တောင်သာမြို့ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အနောက်ရပ်အခြေခံပညာမူလတန်းလွန်ကျောင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ကျောင်းသား/သူများအား မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အနာဂတ်တိုင်းပြည်၏ သားကောင်း သမီးကောင်းရတနာ ကျောင်းသား/သူများအား အသိပညာ ဗဟုသု တတိုးပွားစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့်အန္တရာယ်များကိုသိရှိပြီး ရှောင်ရှားတတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို အထက (၃)မြိတ် ပညာရတနာခန်းမတွင် ယနေ့ နေ့လယ်(၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။

မြင်းခြံခရိုင် ပြန်/ဆက်ရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့၊ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြင့်မာရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြ ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အကြို အသိပညာပေး Talk show ကျင်းပပြုလုပ်

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမတွင် အငြိမ်းစားမူလတန်း ကျောင်းအုပ်ဆရာကြီးများက ကမ္ဘာ့ဆရာများနေ့အကြို အသိပညာပေး Talk show ကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ကြပါသည်။

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရောင်စုံစက္ကူခေါက်ပြိုင်ပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ရောင်စုံစက္ကူခေါက်ပြိုင်ပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းက စာအုပ်လှူဒါန်းပွဲကျင်းပမည်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များနှင့် ရပ်ကွက်/ကျေးရွာများရှိ ရှင်သန်လည်ပတ်ဆောင်ရွက်နေလျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များအတွက် ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းက သုတ၊ရသစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာလ(၂၃)ရက်နေ့တွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ငါ့သရောက်မြို့ (Community Centre) ခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး ဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် အငယ်တန်းစာရေး ဒေါ်မာမာခိုင်တို့မှ သွေးလွန်တုပ်ကွေးရောဂါ နှင့်ပတ်သက်သည့် လုပ် ဆောင်ရမည့် အကြောင်းအရာများကို ပြည်သူများသိရှိစေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက စာဖတ်ရှိန်တိုးတက်လာစေရေး နယ်လှည့်ကွင်းဆင်း၍  သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

စာဖတ်ရှိန်တိုးတက်လာစေရေးရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်းမိသားစု များကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့ သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ