ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ ဆေးရောင်ခြယ်၊ ပန်းချီ၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ်မြင့်မားလာစေရန်နှင့် ဗဟုသုတများစွာ ရရှိလာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်၊ ပန်းချီ၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။