ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စုတွင် ဆင်းရွှေကြာ-၂ နေကြာ မျိုးစေ့ချ ကွင်းသရုပ်ပြပွဲ ပြုလုပ်

ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၉၀၃-B)၊ ဉီးပိုင်အမှတ်(၁၉/၁) တောင်သူဉီးကုသိုလ်၏ နေကြာမျိုးစေ့ထုတ်စိုက်ခင်း တစ်ဧကတွင် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ချကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ငါးသိုင်းချောင်းမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ တက်ရောက်၍ ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူများ လာရောက်လေ့လာခဲ့ကြကြောင်းသိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​သေ၊ နန်းယွန်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ (၂၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ပြုလုပ် ကျင်းပသည်။

ရေနံချောင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမတွင် ကျင်းပသည်။

မင်းလှမြို့တွင် (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲကျင်းပ

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့သဝဏ်လွှာဖတ်ပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများ အား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီချိန်က အ.ထ.ကမင်းလှ (မြို့တွင်း) ကျောင်း သပြေခန်းမ၌ ကျင်းပသည်။

တံတားဦးမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်ပ

၁၃၈၄-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို တံတားဦးမြို မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် (၇)နာရီက ကျင်းပကြောင်းသိရသည် ။

အလုံမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး ၊ အလုံခရိုင်၊ အလုံမြို့နယ်အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း ပြုလုပ်ကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အထက(မိုးညို) ကျောင်းသရဖူခန်းမ တွင် ယနေ့နံနက်( ၇)နာရီက ၂၀၂၂ခု နှစ်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာအုပ်စုရှိ ဆားငံဒဏ်ခံ (ဆင်းသွယ်လတ်) မျိုးစေ့ထုတ် စံပြစိုက်ခင်းရိတ်သိမ်းနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်သွားရောက် ကြည့်ရှု

ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာအုပ်စုရှိ ဆားငံဒဏ်ခံ(ဆင်းသွယ်လတ်) မျိုးစေ့ထုတ် မိုးစပါး စံပြစိုက်ခင်း(၇.၆၀)ဧက ရိတ်သိမ်းနေမှုအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ