တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်တွင် ဆီနှင့်ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်ရန် ယနေ့နံနက်(၈:၀၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ အောင်မြေလူထုဓမ္မာရုံတွင် အခြေခံစားသောက်ကုန်ဆီနှင့် ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။