ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

သာယာဝတီမြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက အ.ထ.က(သုံးဆယ်) ပီမိုးနင်းခန်းမတွင် ကျင်းပရာ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သာယာဝတီမြို့နယ် အထက်တန်း၊အလယ်တန်း၊မူလတန်း ကျောင်းအုပ်ကြီးများနှင့်ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

လူထုအခြေပြုဗဟိုဌာန (ကော့မှူး)၌ စာဖတ်ဝိုင်းကျင်းပ

ကျောင်းသား/ကျောင်းသူ လူငယ်များသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏ အနာဂတ်ကြယ်ပွင့်များ ဖြစ်သည့်အတွက်ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သော လူတော်လူကောင်းလေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ‌တွံ‌တေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ သန်လျင်၌ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သန်လျင်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်ဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

ကန်ကြီးထောင့်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show)ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ရောက်ရှိမည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရေကြည်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီအချိန်က (အ.မ.က) လှည်းဆိပ်ပိုင်းကျောင်း၌ ကျောင်းဝန်းအတွင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Community Centreခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ စသည်ဖြင့် ပြိုင်ပွဲများပြုလုပ်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

 မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခွဲ၌  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ကျောင်းသား၊ကျောင်းသူများနှင့်ဆရာ/များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသား‌နေ့ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်ပြည်သူများ အသိပညာဗဟုသုများ ရရှိတိုးပွားစေရန် Online မှတဆင့် ပုံပြင်များ၊ ကဗျာများ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ရိုက်ကူးတင် ဆက်ပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသားနေ့ဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြသခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စောင်ပြသခြင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစောင်များဖြန့်ဝေခြင်းတို့ကို၊ ယနေ့နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပ

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး “ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပရာ ပြည်မြို “ဆုံစည်းရာ” "စာဖတ်ဝိုင်းနှင့် (Book Club)အဖွဲ့ဝင် စာရေး ဆရာ မောင်စိမ့်စမ်း(သဲကုန်း)နှင့် အ.ထ.က (ရွှေတံခါး)မှ ဆရာ၊ ဆရာများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀)တက်ရောက်သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ