ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုယ်လက်လှုပ်ရှားခြင်း အကျိုးကျေးဇူးများအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုယ်လက်လှုပ်ရှားခြင်း အကျိုးကျေးဇူးများအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့နယ်၌ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ (မြို့နယ်အဆင့်)ကို အ.ထ.က(၁)ကျောင်း၌  ယနေ့နံနက် ၉ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။

ခရမ်းမြို့နယ်တွင် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ခရမ်းမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commiunity Centre) ၌ ကျင်းပခဲ့သည်။

ပေါင်းတည်မြို့နယ်တွင် တောင်သူများထံသို့ဖြန့်ချိ စိုက်ပျိုးထားသော အထွက်ကောင်းစပါးခင်းများရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံမှ အထွက်ကောင်း မျိုးစပါး (RS) မျိုးစေ့များကို ဖြန့်ချီစိုက်ပျိုးထားသော တောင်သူများ၏ စပါးစိုက်ခင်းများအား ယနေ့တွင် ရိတ်သိမ်းလျက်ရှိရာ ၁ ဧကလျှင် ပျမ်းမျှ စပါးတင်း ၇၀ ကျော်ဖြင့် အထွက်ကောင်းလျက်ရှိကြောင်းနှင့် အချို့ စိုက်ကွင်းများတွင် ၁ ဧကလျင် တင်း ၁၀၀ နီးပါး ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၉) နာရီက အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်းပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာအုပ်စုတွင် ဆောင်းနေကြာ ရေရရှိရေးအတွက် မရမ်းချောင်းရိုး ပြန်လည်တူးဖော်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာအုပ်စုတွင် ဆောင်နေကြာသီးနှံ စိုက်ပျိုးရာတွင် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် မရမ်းချောင်းရိုးအား ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

ကျောက်တံခါးမြို့ မြို့မစျေးကြီးရှိ စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မြို့မစျေးကြီးတွင် ဖွင့်လှစ်ထားရှိသော ဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့မစျေး ဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများ ထားရှိမှုအား စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်ပါက အလွယ်တကူ ငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးလက်တွေ့ အသုံးပြုပုံအား သရုပ်ပြခြင်းနှင့် မီးသတ်ယာဥ်အသုံးပြု၍ မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဇီးကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီ၊ နတ်တလင်းခရိုင်၊ ဇီကုန်းမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာန၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက သာပေါင်းကျေးရွာအုပ်စု၊ လယ်တွင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ ပုံမှန်လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာများ၏ ပုံမှန်လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်သူ၊ ​အဖွဲ့ဝင် (၁) ဗိုလ်မှုးဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြပွဲ ၊ပြိုင်ပွဲများကျင်းပနိုင်ရေးအကြို ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ (၃)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ