ကျောင်းကုန်း နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ (မြို့နယ်အဆင့်)ကို အ.ထ.က(၁)ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်(မြို့နယ်အဆင့်) ပြိုင်ပွဲသို့ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ Grade 5/6/7/8/9 အတန်းများမှ အင်္ဂလိပ်စာစွမ်းရည် ဖြေဆိုသူ (၁၃၈)ဦး၊ သင်္ချာစွမ်းရည် ဖြေဆိုသူ(၁၅၃) ဦး၊ စုစုပေါင်း(၂၉၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ပြိုင်ပွဲမစတင်မီ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာကြီး/ဆရာမကြီးများအား အဖြေလွှာစစ်ဆေးရာတွင် သတ်မှတ် စည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျ စစ်ဆေးကြရန်၊ တိုင်းဒေသကြီးအဆင့်သို့ ဝင်ရောက် ဖြေဆိုရန် ရွေးချယ်ခံရမည့် ကျောင်းသား၊ ကျောင်းသူများသည် အရည်အချင်း ပြည့်မီစေရန် ရွေးချယ်ရမည့် ကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)