နတ်မောက်မြို့နယ်၌ ပဲစင်းငုံနှင့်နေကြာ သီးညှပ်စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေး
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပဲစင်းငုံနှင့် ဆီထွက်သီးနှံ နေကြာသီးညှပ် စိုက်ပျိုးထားရှိမှုများကို ယမန်နေ့ နံနက်ပိုင်းက ချောင်းနက်ကျေးရွာအုပ်စုရှိ စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။