ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ချမ်းမြသာစည်မြို့နယ် Community Centre တွင်ပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်ခြင်း

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပန်းအလှထိုးနည်း သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မဲဆန္ဒရှင်စာရင်းအထောက်အကူပြု လူဦးရေစာရင်းများ မြို့နယ်အလိုက် (Cross Check) ဖြင့် ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအစည်အဝေးသို့တက်ရောက်

မဲဆန္ဒရှင်စာရင်းအထောက်အကူပြုလူဦးရေစာရင်းများ မြို့နယ်အလိုက် (Cross Check) ဖြင့် ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မတ်ပဲစိုက်ဧကလေးသောင်းခန့် ပေါင်းတည်မြို့နယ် တောင်သူများစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဆောင်းရာသီစိုက်ပျိုးသီးနှံများအနက် မတ်ပဲကို တောင်သူအများစုက အဓိကထားစိုက်ပျိုးလျက်ရှိပြီး စျေးကွက်လိုအပ်ချက်အတိုင်း တင်ပို့ရောင်းချနိုင်ရန်နှင့် စိုက်ပျိုးသီးနှံထုတ်လုပ်မှု မြင့်မားစေရန်ရည်ရွယ်၍ ယခုနှစ်တွင် မတ်ပဲကို ၃၉၁၈၃ ဧကအထိ တိုးမြှင့်စိုက်ပျိုးထားကြောင်း သိရသည်။

ပျဉ်းမနားမြို့အတွင်းရှိ စာသင်ကျောင်းနှင့် ကျေးရွာ (၂) ခုသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောကိ လိုက်လံငှားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း ကျောင်း (သစ်လေးလုံး)၊ ပုရွက်ဆိတ်ကုန်းကျေးရွာနှင့် ကျီးအင်းကျေးရွာတို့တွင် စာဖတ်သူများလက်ဝယ်ရောက် သွားရောက်ငှားရမ်းပေးခဲ့ကြသည်။

ဝမ်းတွင်းမြို့နယ်တွင် ဓါတ်ပုံ-ဗွီဒီယို ရိုက်ကူးတည်းဖြတ်သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဓါတ်ပုံ-ဗွီဒီယို ရိုက်ကူးတည်းဖြတ်သင်တန်းဖွင့်လှစ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံအလွတ်တန်းအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံအလွတ်တန်း အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြိုနယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြိုနယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများ တက်ရောက်ခဲ့သည်။

တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခမ်းမ၌ ခေါင်းစည်းကြိုးပြုလုပ်နည်း သင်တန်းဖွင့်လှစ်

တောင်သာမြို့ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခမ်းမ၌ ခေါင်းစည်းကြိုး ပြုလုပ်နည်း သင်တန်းအား ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

မန္တလေးတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းပေးအပ်ပွဲကျင်းပ

မန္တလေးတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မန္တလေးတက္ကသိုလ် အင်းဝ(၉)ခန်းမ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အဆိုပါခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

စဥ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့ လူထုအခြေပြု ဗဟိုဌာန၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင် ခင်းကျင်းပြသခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ပြသခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ