ကန့်ဘလူခရိူင် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ကျင်းပရာ ခရိုင်နှင့် မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။