ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ပန်းတနော်မြို့တွင် ကျင်းပပြုလုပ်သော ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲအခမ်းအနားတက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မြေနုကျေးရွာတွင် ကျင်းပပြုလုပ်သော ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို တက်ရောက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ကက်သလစ်ခရစ်ယာန် ပရဟိတဂေဟာသို့ ဆန်/ ဆီ / ကြက်ဥ ထောက်ပံ့လှူဒါန်းပေးအပ်ပွဲတက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးကိုကိုလွင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြိတ်ကက်သလစ်ခရစ်ယာန်ပရဟိတဂေဟာသို့ ဆန်/ဆီ/ကြက်ဥ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲ တက်ရောက်ခဲ့သည်။

မအူပင်ခရိုင်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး ဧရာဝတီတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲကျင်းပ

မအူပင်ခရိုင်၊ မအူပင်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး ဧရာဝတီတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။

ကရင်နှစ်သစ်ကူး ရုံးပိတ်ရက်တွင် အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၌ ကျင်းပလျက်ရှိသည့် (၁၅)ကြိမ်မြောက် “𝐁𝐥𝐨𝐨𝐦𝐢𝐧𝐠 𝐅𝐚𝐧𝐭𝐚𝐬𝐲” ပန်းပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများဖြင့်စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ (၁၅)ကြိမ်မြောက် ပန်းပွဲတော် (Bloomlng Fantasy) ကျင်းပလျက်ရှိရာ ကရင်နှစ်သစ်ကူး ရုံးပိတ်ရက်တွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် (၇၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ယနေ့မွန်းလွဲ(၁)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာကြားရှိ မုန်းချောင်းအား အဆင်ပြေစွာသွားလာနိုင်ရန် ဒေသခံပြည်သူများစုပေါင်း၍ ယာယီဝါးတံတားဆောက်လုပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာရှိ မုန်းချောင်းအား ဒေသခံပြည်သူများ အဆင်ပြေစွာကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ အမေထွား(ပဲဆီသန့်)မိသားစုက ကုန်ကျစရိတ်မတည်လှူဒါန်းကာ ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူများစုပေါင်းပြီး ယာယီဝါးတံတားဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် Mobile  Library စနစ်ဖြင့်စာဖတ်သူလက်ဝယ် အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် MobileLibraryစနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသောစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ ရန်ကင်းအခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကဖြူကျေးရွာတွင် GW 11 မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက GW 11 မိုးစပါးအစို ၁၃၉ တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကဖြူကျေးရွာ၊ ကွင်းအမှတ် ၇၃၅ ၊ ဦးပိုင်အမှတ် ၂၁၃ ရှိ တောင်သူဦးခင်းမောင်ဝင်း၏ GW 11 စိုက်ဧက ၁.၅၀ ဧကတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မိုးစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧက GW 11 မိုးစပါးအစို ၁၃၉ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ