ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ စာရေးဆရာအောင်သင်း၏ "ပညာဖြင့်ကန်တော့ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး၏ “လူငယ်နှင့်အပြောင်းအလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။

ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး၏ “လူငယ်နှင့်အပြောင်းအလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အသိပညာပေး Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ယမန်နေ့ မွန်းလွဲပိုင်းက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း အသိပညာပေး Talk Show ကိုပြုလုပ်သည်။

လမ်းမတော်မြို့နယ်၌ နွေရာသီပန်းချီ သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ဝါသနာပါရာပန်းချီပညာကို စနစ်တကျတက်မြောက်စေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် (၁၂)နာရီက အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် မတ် ၉ ရက် နံနက် ၉ နာရီခွဲက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ကလေးငယ်များဉာဏ်ရည်ထက်မြတ်မှုနှင့် ပျော်ရွှင်မှုရရှိစေရန် ဂိမ်းပြိုင်ပွဲများ ဆောင်ရွက်ပေး

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ် ရက်တွင် ကလေးငယ်များ ပျော်ရွှင်မှုရရှိစေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုတိုးတက်စေရန်၊ အချင်းချင်းစည်းလုံး ညီညွတ်မှုရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်တက်မှု မြင့်မားလာစေရန် ရည်ရွယ်၍ ဂိမ်းကစားနည်း ပြိုင်ပွဲ များကို မတ်(၉)ရက်၊ နံနက်(၉)နာရီကစ၍ အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ် ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

တနင်္သာရီမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်း သင်တန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) အတွင်း မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ရာ ပန်းချီနည်းပြဆရာနှင့်အတူ သင်တန်းသူ/သားများတက်ရောက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ်ရုံး Community Centre တွင် အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီ သင်တန်းများဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး Community Centre တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေး၊ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် ယမန်နေ့က သင်တန်းများ စတင်ဖွင့်လှစ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ