ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မြင်းခြံခရိုင် (Community Centre) ခန်းမတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သရက်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ နွေရာသီ ပန်ချီသင်တန်း အခမဲ့ ဖွင့်လှစ်မည်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်  Community Centre ခန်းမ၌ နွေရာသီ ပန်းချီသင်တန်းကို မတ်လ(၁၈) ရက်နေ့မှ စတင်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေဘိုခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ​ရွှေဘိုအ​တွေး​ရွှေဘို​သွေးစာ​ပေအနုပညာမဂ္ဂဇင်း အမှတ်(၃)၊ ၂၀၂၂ ခုနှစ်စာအုပ်မှ၊ ဆရာသဲကုန်း​အောင်​ဇော်မိုးရေးသားထားသည့် "​ကြက်တစ်​ကောင်၊ ဓားတစ်လက်၊ အသက်တစ်​ချောင်း" ဝတ္ထုတိုဖြင့် ယနေ့နံနက်(၁၀)နာရီချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်(အရှေ့ခြမ်း) တောင်ပေါ်တိုင်းရင်းသားကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် နယ်လှည့်အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတ တိုးပွားရရှိစေရေး အတွက် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ဆောင်ရွက်နေလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပျဉ်းမနားမြို့နယ်(အရှေ့ခြမ်း) တောင်ပေါ်တိုင်းရင်းသား ကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် နယ်လှည့်အသိပညာပေးကွင်းဆင်း ဆောင်ရွက် ခြင်းကို ယနေ့နံနက်ပိုင်းက သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်းကျေးရွာသို့  သွားရောက်ဆောင်ရွက်ပေးခဲ့ သည်။

သာယာဝတီမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့နေ့လယ် ၂ နာရီက စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ Talk Show” ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့အကြောင်းသိကောင်းစရာ Talk Show ကို ယနေ့ မွန်းလွဲ ၂ နာရီတွင်ကျင်းပသည်။

ကျောက်တန်းမြို့နယ်လူတုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရန်တိုင်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ရေးသားထားသော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ကို စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀:၀၀နာရီအချိန်က စာရေးဆရာ​​​ဒေါက်တာမြင့်လွင်(စိတ်ပညာ)ရေးသားသည့် “အ​ပြောင်းအလဲနှင့်ပုံ​သေစိတ်အစွဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ကွန်ပျုတာသင်တန်းခန်းမတွင် အခြေခံကွန်ပျုတာသင်တန်း (အခမဲ့) သင်ကြားပေး

ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုကောင်းစွာ အသုံးချတတ်‌စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနm (Community Centre) ကွန်ပျုတာသင်တန်းခန်းမတွင် အခြေခံကွန်ပျုတာသင်တန်း(အခမဲ့) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမာမြို့၊ Community Centre ခန်းမ၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ