ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မင်းတုန်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး​ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်း ကျောင်း၊ အခြေခံပညာ  အထက်တန်းကျောင်း(ခွဲ)နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာ ရှိနှင့် ရုပ်သံ-၃တို့မှ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာရေး Talk Show ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံး ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဝေါမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး

ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်ဌာနဆိုင်ရာများသို့သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။

တာမွေမြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများအား (၇၈) နှစ်မြောက် တပ်မတော်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ ရဲဘော်သုံးကျိပ်ဖြင့် စတင်ဖွဲ့စည်းခဲ့သော မြန်မာ့တပ်မတော်၏ သမိုင်းအစဉ်အလာ ကြီးမားပုံများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈-ခုနှစ်) ကို ကာကွယ်စောင့်ရှောက်လျက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက်

လှိုင်မြို့နယ်၌ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင် အသိပညာပေးဖြန့်ဝေ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၌ ဇီဝဗေဒဘာသာရပ်ဖြေဆိုပြီးချိန်တွင် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ဖြန့်ဝေပေးခဲ့သည်။

မြို့သစ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ် ပြဘုတ်နှင့်(Community Centre) ခန်းမ၌ ပြသဆောင်ရွက်ခဲ့သည်။

ပြန်ကြားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးရဲတင့် စဉ့်ကိုင်မြို့နယ်ရုံးနှင့် တံတားဦးမြို့နယ်ရုံးမှ ၀န်ထမ်းများနှင့်တွေ့ဆုံ

ပြန်ကြားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ စဉ့်ကိုင်မြို့နယ် ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ တံတားဦးမြို့နယ်ဦးစီးအရာရှိ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ၌ အခြေခံပန်းချီသင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ၌ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း ဆက်လက်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ