ဝေါ မတ် ၁၇
ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်ဌာနဆိုင်ရာများသို့သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များအား သုတ/ရသစာအုပ်များနှင့်စာစောင်များကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရေးအတွက်ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်ပေါင်း ၂၀၀ ကျော်ဖြင့် လိုက်လံငှားရမ်းပေးခြင်းဖြစ်သည်။
အဆိုပါ ဦးစီးဌာနရုံးများသို့ Mobile Library စနစ်ဖြင့် လိုက်လံငှားရမ်းပေးခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဉ်ပုံမှန်လှည့်လည်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)