ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပျော်ဘွယ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီအခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်

နွေရာသီအားလပ်ရက်တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်၍ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်ဖွင့်လှစ်သည့်  နွေရာသီအခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သုတ/ရသစာအုပ်များ ထပ်ဆင့် လှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သုတ/ရသ စာအုပ်များ ထပ်ဆင့်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၁း၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီးသိရှိကာ စနစ်တကျရေးဆွဲ တတ်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ပခုက္ကူမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က လူထုအခြေပြုဗဟိုဌာနမှ English Grammar သင်တန်းသားများအား အအေးတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များကို အချည်းနှီးမဖြစ်စေပဲ အကျိုးရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပန်းချီရေးဆွဲနည်း သင်တန်းနှင့် English Grammar သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က သင်တန်းသားများအား မတ်လ ၁၆ ရက်နေ့ နံနက်က အာဟာရအဖြစ် ရွှေရင်အေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် အစိုးရဌာနရုံးများသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

မန္တလေးခရိုင် ပြန်ကြား‌ပြည်ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းသည့်အပြင် မိုဘိုင်းစနစ်ဖြင့်လည်း ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ထုတ်ဝေသည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက အ.ထ.က ကျောင်း စာစစ်ဌာနများ၌ ရူပဗေဒ ဘာသာရပ် ဖြေဆိုပြီးချိန်တွင် ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေခြင်းကို မတ်လ(၁၅)ရက်၊ နေ့လည်(၁၂)နာရီက မြို့နယ်ရုံးရှိဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြသည်။

တွံတေးမြို့နယ် ရှိရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်ရှင်သန်ဖွံဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များ ကော်မတီများနှင့် မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီတို့တွေ့ဆုံ၍ စာကြည့်တိုက် ရှင်သန်ဖွံဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ၌ ကျင်းပခဲ့သည်။

ကော့မှူး၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား ပညာပေးလက်ကမ်းစာစောင်များကို တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/သူများအား မြိတ်ခရိုင်ရုံး ဝန်ထမ်းများက ယမန်နေ့က စာဖြေဆိုပြီးချိန်တွင် ဝေငှပေးခဲ့ကြသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ