တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၇) နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ရေအခက်အခဲဖြစ်နေသည့် နေရာများသို့ ရေလှူဒါန်း
(၇၇) နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ နွေရာသီကာလ ရေအခက်အခဲဖြစ်နေသည့် ဘုရားကျောင်းကန်များသို့ မေလ ၂ ရက်နေ့ ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန ရေသယ်ယာဉ်ဖြင့် သောက်/သုံး ရေများကို ရေစုကန်အတွင်းအထိ သွားရောက်ထည့်သွင်းပေးကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။