မရမ်းကုန်းမြို့နယ်အတွင်းရှိ လွတ်လပ်ရေးကျောင်းတိုက်နှင့် သပြေသာကျောင်းတိုက်အတွင်းရှိ သံဃာ တော်များ ဆွမ်းဆန်အခက်အခဲ မရှိစေရေး ဆွမ်းဆန်စိမ်းများလှူဒါန်း
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် အမှတ်(၁) ရပ်ကွက်ရှိ လွတ်လပ်ရေးကျောင်းတိုက်ရှိ သံဃာတော်များနှင့် အမှတ် (၂)ရပ်ကွက်ရှိ သပြေသာကျောင်းတိုက်ရှိ သံဃာတော်များ ဆွမ်းဆန်အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်စိမ်း များကို ယမန်နေ့ နံနက် ပိုင်းက လှူဒါန်းခဲ့ကြသည်။