ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

အသက် (၆၀) နှစ်အထက်ရှိသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၆၀) နှစ်အထက်ရှိသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁၂ နာရီက အောင်မြေသာစံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ မဖြစ်ပွါးစေရေး ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကန်ပက်လက် မြို့အဝင်ဂိတ်၌ ကိုဗစ်-၁၉ မဖြစ်ပွါးစေရေး ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန် မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ အလှူရှင်များမှ အလှူ ငွေများ၊ အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် ကူညီ ထောက်ပံရေးအဖွဲ့သို့ ပြည်တွင်း၊ပြည်ပပြန်များ Quarantine ဝင်သူများအား ကျွေးမွေး ရန်နှင့် လိုအပ်သည့်နေရာများတွင် သုံးစွဲနိုင်ရန်အတွက် ယမန်နေ့ နေလည်က အလှူရှင်များက နေရာအသီးသီးတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရေဇွာမြို့၊ ပညာရေးဌာန၊ ဝန်ထမ်းအိမ်ရာတည်ဆောက်မှု (၇၅)ရာခိုင်နှုန်းပြီးစီး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၆၄.၂၆၀)သန်းဖြင့် (ဇိုလင်းဘုန်းကုမ္ပဏီ)က တာဝန်ယူဆောင်ရွက် လျက်ရှိသော ရေဇွာမြို့ ပညာရေး ဝန်ထမ်းအိမ်ရာ RCC နှစ်ထပ်ဆောင် တည်ဆောက်မှုမှာ (၇၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံ၌ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်အထက်နှင့် (၈၅)နှစ်အောက် သက်ကြီးရွယ်အိုများနှင့် ပထမအကြိမ်ထောက်ပံ့မှုတွင် အမည်စာရင်း မပါရှိသည့်မသန်စွမ်းသူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ တာဝန်ရှိသူများက ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက ပေးအပ်ခဲ့သည်။

​ကျောက်ကြီးမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမည့် အန္တရာယ်ဖြစ်ပေါ်လာနိုင်သဖြင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအား ကြက်ခြေနီမှ ထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ အောက်တိုဘာလ (၁၀)ရက်နေ့က စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျနိုင်သည့် အန္တရာယ်ဖြစ်ပေါ်လာနိုင်သဖြင့် ကျောက်စရစ်ကျေးရွာအုပ်စု လိန်ပင်ကျေးရွာနှင့် နတ်သံကွင်းကျေးရွာ အုပ်စု တံခွန်တိုင်ကျေးရွာတို့ရှိ နေအိမ်(၆)လုံးကို နီးစပ်ရာဆွေမျိုးများ နေအိမ်သို့ အရေးပေါ်ပြောင်း​ရွှေ့ခဲ့ရာ အဆိုပါ​အိမ်ထောင်စု များကို ကျောက်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ယမန်နေ့ နံနက်(၁၀)နာရီတွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါအသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ် -၁၉ ရောဂါအသိပညာပေး(Talk Show) ဆွေးနွေးပွဲကို
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ