ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ ဒေသခံပြည်သူများအားထားရသော အောင်မင်္ဂလာသောက်သုံးရေ ကန် ပြုပြင် ဆောင်ရွက်ပြီးစီး
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ဒေသခံပြည်သူများအားထားရသော အောင်မင်္ဂလာသောက်သုံးရေကန် ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့်မြို့ဌာနဆိုင်ရာများက ယမန်နေ့နံနက်(၁၁)နာရီ အချိန်က သွားရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။