မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့၊ မြကျိုင်းတောင် မင်းစုမင်းခစေတီတော်ကြီးပြန်လည်ပြုပြင်တည်ထားကိုးကွယ်နိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် မန္တလေးမြေငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော ပြည်သာယာရပ်ကွက်၊ မြကျိုင်းတောင်ဘုရားဝင်းအတွင်းရှိ မင်းစုမင်းခစေတီတော်ကြီး ပြန်လည်ပြုပြင်တည်ထားကိုးကွယ်နိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံပြင်ဆင်ထားမှုအခြေအနေအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ လှည့်လည်ကြည့်ရှု

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပမည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်​မြို့နယ်၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် တင်မင်းလတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းတရားသူကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့နှင့်အတူ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးတို့လိုက်ပါလျက် ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ မဲရုံပြင်ဆင်ထားမှုအခြေအနေအား လှည့်လည်ကြည့်ရှုခဲ့သည်။

ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ပုဂံဒေသရှိရှေးဟောင်း အဆောက်အအုံအမှတ် ၁၀၄၂(ဆင်ကအုတ်တိုက်ရှည်) ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် တိုက်ခတ်ခဲ့သော ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံအမှတ် ၁၀၄၂ (ဆင်ကအုတ်တိုက်ရှည်)တောင်ဘက်ခြမ်းနံရံနှင့် အမိုးပေါင်းကူးထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်လုပ်ကိုင်နေမှုများအား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ် KEC ကိုယ်ပိုင်ကျောင်း၌ လူငယ်​ရေးရာ အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကျင်းပ

ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်​ရေးရာအသိပညာပေး ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း၌   ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့ လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း (၁၉)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ (၁၉)ကြိမ်မြောက် နှစ်ပတ် လည်အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁၂ နာရီက  မြဘုရင်ပန်းခြံ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲမှ စ၍ ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးလမ်းမှ လျှော်ဖြူကန် - ပျဉ်သာလမ်း လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ မန္တလေးလမ်းမှ လျှော်ဖြူကန်-ပျဉ်သာလမ်း လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း မန်ကျည်းအင်းကျေးရွာရှိ  ခိုနန်းရှင်ဘုန်းကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင်  ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့များနှင့် ပြင်ဦးလွင်ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အလုပ်အမှု ဆောင်တို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို   ယမန်‌နေ့နံနက်ပိုင်းမှစတင်ပြီး ပြင်ဦးလွင်မြို့နယ်၊  မန်ကျည်းအင်းကျေးရွာရှိ   ခိုနန်းရှင်ဘုန်းကြီး ကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။   

မြစ်သားမြို့နယ်၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများအား မဲရုံများသို့ ဖြန့်ဝေပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို မဲရုံများသို့ ဖြန့်ဝေပေးခြင်းအား ဇန်နဝါရီ ၂၃ ရက် နံနက် ၈ နာရီအချိန်ကစတင်၍ ရွှေသူဌေးရပ်ကွက်ရှိ အနော်ရထာခန်းမ၌ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး‌ကောက်ပွဲ အပိုင်း (၃) တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး