မန္တလေးတိုင်းဒေသကြီး

ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို နိုင်ငံတစ်ဝန်းရှိမြို့နယ်များတွင် ယနေ့နံနက် ၆ နာရီမှ စတင်၍ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မဲရုံအသီးသီးတွင်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မိမိတို့၏ သဘောဆန္ဒအလျောက် နိုင်ငံသားပီသစွာ ဆန္ဒမဲလာရောက်ပေးလျက်ရှိသည်။

သပိတ်ကျင်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ  ဆန္ဒမဲလာရောက်ပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက်(၆)နာရီမှစတင်၍ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိကြသည်။ 

မြစ်သားမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပ၊ ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)အတွက် ဆန္ဒမဲပေးခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီမှ စတင်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိမဲရုံအသီး သီးတွင်ပြုလုပ်လျက်ရှိရာ   မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိသည်။

တောင်သာမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ မဲရုံများတွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့နက်နံ၆နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများအေးချမ်းစွာဖြင့်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

မလှိုင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာလာရောက်မဲပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက် (၆)နာရီမှစတင်၍ မြို့နယ်တွင်းရှိမဲရုံ(၆၄)ရုံတို့တွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။

မြင်းခြံမြို့နယ် မဲဆန္ဒရှင်ပြည်သူများ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)တွင် ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရပ်ကွက်/ကျေးရွာများတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံများတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)ကို ဇန်နဝါရီ ၂၅ ရက်နံနက် ၆ နာရီက စတင်ကာ ဆန္ဒမဲများပေးလျက်ရှိသည်။

သာစည်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်ပရိယတ္တိမာမကအသင်းက ကြီးမှူးကျင်းပသော ပရိယတ္တိအခြေခံစာမေးပွဲ စာအောင်သာမဏေများအား ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်ပရိယတ္တိမာမကအသင်းကကြီးမှူးကျင်းပသော ပရိယတ္တိအခြေခံစာမေးပွဲ စာအောင်သာမဏေများအား ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက သာစည်မြို့အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ (၂၀၂၄-၂ဝ၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ညောင်ဦးမြို့နယ် သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်အလိုက် ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီ မေဂျာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲနှင့် အားကစားမျိုးစုံ ဆုပေးပွဲအခမ်းအနား ကျင်းပ

မန္တလေးဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ယမန်နေ့ညနေ ၄ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီ မေဂျာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပခဲ့ပြီး အားကစားမျိုးစုံ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး