မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သပိတ်ကျင်းမြို့တွင် ပြန်လည်တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ  အရာထမ်းအမှုထမ်းများအား ပို့ဆောင်နှုတ်ဆက်

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter- Terrorism Operation) များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားခဲ့သည့် မန္တလေး-မတ္တရာ-သပိတ်ကျင်း-မိုးကုတ် လမ်းကြောင်းတစ်လျှောက်နှင့်အနီးပတ်ဝန်းကျင်ရှိ မြို့ရွာများအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေး-မတ္တရာ-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၆) အစည်းအဝေးကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့် ကုမ္ပဏီများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မြစ်သားမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်၌ ၂၀၂၅ခုနှစ်၊  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်းပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီက မြစ်သားမြို့ မြို့မဈေး၊ ပန်းသီတာဈေးနှင့် လူစည်ကားရာနေရာများရှိ ပြည်သူများကို ဖြန့်ဝေ‌ပေးခဲ့သည်။

တံတားဦးမြို့နယ် သင်ပန်းကျေးရွာ၏ ကျက်သရေဆောင် ပဥ္စမာလိန္ဒ ရတနာမြစည်းခုံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဂိုးကျဉ်းဘောလုံးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သင်ပန်းကျေးရွာ၏ ကျက်သရေဆောင်ပဉ္စမာလိန္ဒ ရတနာမြစည်းခုံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဂိုးကျဉ်းဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲကို ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၃ နာရီက အဆိုပါကျေးရွာ ဘောလုံးပြိုင်ကွင်း၌ ကျင်းပကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပညာတန်ဆောင် စာပေပြိုင်ပွဲနှင့် မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာဦးစီးဌာနသည် ကျောင်းသား၊ ကျောင်သူများ အတွေးအခေါ်ကောင်းများရရှိပြီး စာလုံးပေါင်းသတ်ပုံ မှန်ကန်စေရေးနှင့် စီကုံးရေးသားတတ်စေရန်တို့ကို ရည်ရွယ်ကာ ၂၀၂၅ ခုနှစ်၊ ပညာတန်ဆောင် စာပေပြိုင်ပွဲနှင့် မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အ-ထ-က (စဉ့်ကိုင်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြင်းခြံမြို့၌ ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

မြင်းခြံမြို့၌ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာဖြတ်သန်းသွားလာကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများထံသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်လင်းနှင့်ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ဖြန့်ဝေပေးခဲ့သည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ KG ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသည် KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျော်ကြားကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျော်ကြားကိုယ်ပိုင်အထက်တန်းကျောင်း၌  ဗလငါးတန်နှင့် ပြည်စုံစေသည့် ကျောင်းသား/သူများ ဖြစ်လာစေရန် ဇန်နဝါရီ ၂၃ ရက် နံနက် ၁၀ နာရီက  လူငယ်စကားဝိုင်း  ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

စဉ့်ကိုင်မြို့နယ် မြို့မဈေးအတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့မဈေးအတွင်း၌ မီးဘေးလုံခြုံရေး စနစ်တကျရှိစေရေးနှင့် မီး‌လောင်မှုဖြစ်ပွားမှု လျော့နည်း‌စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်လက်‌တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဟာ‌အောင်မြေမြို့နယ်၌ အသက် ၉ နှစ်မှ ၁၂ နှစ်အထိ မိန်းကလေးငယ်များအား(HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်

‎မဟာအောင်မြေမြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၂ နှစ်အထိ မိန်းကလေးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက မြို့နယ်ပြည်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ထိုးနှံပေးခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး