မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ် မုန့်ပေါင်းကျေးရွာ၌ စိုက်ပျိုးထားသော  ဆောင်းကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးထားရှိပြီး မုံန့်ပေါင်းကျေးရွာ၌ တောင်သူဦးကိုကိုလေး စိုက်ပျိုးထားသော ဆောင်းကုလားပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌   နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ ပျိုးထောင်ရေများ  ဖေဖော်ဝါရီလ ဒုတိယအပတ်တွက် စတင်ဖြန့်ဝေပေးသွားမည်

မိတ္ထီလာမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ ပျိုးထောင်ရေများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ဖြန့်ဝေပေးသွားမည်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်တက္ကသိုလ်(၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ကျောက်ဆည်တက္ကသိုလ်၏ (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

အောင်သမာဓိနှင့်ရွှေတောညီအကိုများ၏ ပံ့ပိုးမှုဖြင့် စတုတ္ထအကြိမ်မြောက် မန်းအောင်ဆွေလင်း ကလပ်ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲ၊ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ဘော်လီဘောအားကစားဖွံဖြိုးတိုးတက်စေရေးနှင့် ထူးချွန်ထက်မြက်သော ဘော်လီဘော အားကစားသမားများ ပေါ်ထွက်စေရေးအတွက် အောင်သမာဓိနှင့်ရွှေတောညီအကိုများ၏ ပံ့ပိုးမှုဖြင့် စတုတ္ထအကြိမ်မြောက် မန်းအောင်ဆွေလင်းကလပ် ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီက မန္တလေး၊‌ အောင်‌မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ (၁၄)လမ်း (၈၇-၈၈)လမ်းကြားရှိ မန်းအောင်ဆွေလင်း ဘော်လီဘောကလပ်တွင် ကျင်းပပြုလုပ်ရာ တတိယလုပွဲတွင် ဇေယျာသီရိ အသင်းက O-2 အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲတွင် မန်းအောင်ဆွေလင်းအသင်းက အောင်သမာဓိအသင်းကို လေးပွဲ-တစ်ပွဲဖြင့်လည်း‌ကောင်း အနိုင်ရရှိကြသည်။

ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကေက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက် ၆ နာရီမှစ၍ ကျင်းပလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ အငယ်တန်းအင်ဂျင်နီယာ-၃ အချက်ပြ ဆက်သွယ်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ အငယ်တန်းအင်ဂျင်နီယာ-၃ အချက်ပြဆက်သွယ်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ်(၃/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထီးလိုမင်းလိုဘုရားကြီး (၁၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ ထီးလိုမင်းလိုဘုရားကြီး၏ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီအချိန် ပင့်သံဃာ (၄၀) ပါးတို့အား ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃)ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ(အပိုင်း-၃) ကို ယနေ့နံနက် ၆ နာရီမှစတင်ကျင်းပရာ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ မြို့နယ်အသီးသီး၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီမှစတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လွတ်လပ်စွာဆန္ဒမဲများပေးလျက်ရှိရာ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်လည်း မဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲရုံအသီးသီး၌ လွတ်လပ်စွာလာရောက်မဲ ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး